ရာဇဝတ်မှုဆိုင်ရာဦးတိုက်လျှောက်ထားမှု (သို့မဟုတ်) ရဲအရေးမပိုင်သောအမှုများ
ရာဇဝတ်မှုဆိုင်ရာဦးတိုက်လျှောက်ထားမှု (သို့မဟုတ်) ရဲအရေးမပိုင်သောအမှုများ ============================================ ဦးတိုက်လျှောက်ထားခြင်းဆိုသည်မှာ တရားလိုမှ တရားရုံးသို့တိုက်ရိုက်တိုင်လျှောက်ခြင်း ကိုဆိုလိုသည်။ ဦးတိုက်လျှောက်လွှာ (သို့မဟုတ်) တိုင်လျှောက်လွှာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄(၁)(ဇ)တွင် ဖွင့်ဆိုထားသည်။ ဥပမာအားဖြင့် အမှုတစ်ခုတွင် တရားလိုသည် ရဲစခန်းတွင် သွားရောက်တိုင်တန်းသောအခါ ထိုအမှုသည် ရဲအရေးမပိုင်သောအမှုဖြစ်နေပါက ရဲစခန်းမှ ပုံစံ(က၊ခ)ဖြင့် သက်ဆိုင်ရာတရားရုံးသို့တရားလိုကိုယ်တိုင် တိုင်ကြားလျှောက်ထား ရန်ပြန်လည်လွှဲအပ်ပေးခြင်းကိုဆိုလိုသည်။ (ရဲအရေးပိုင်သောအမှု၊ရဲအရေးမပိုင်သောအမှု ဟုတ် / မဟုတ်ခွဲခြားရန်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား စာတိုင်-၂)ပါ အတိုင်းဖြစ်သည်။တိုင်ကြားချက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေပြုလုပ်နိုင်သည်။သို့သော်သံကြိုးစာဖြင့် တိုင်တန်း၍မရပါ ( ယနေ့ခေတ်တွင်အသုံးပြုခြင်းမရှိတော့ပါ) ။ (Hidayatu Llah Vs King- Emp.AIR,1936 Pesh.66) စီရင်ထုံးတွင်မူ “တ...



